Sunday, November 11, 2012

လက်ရှိအတွေး

လာပြန်ပြီ ငလျင်တဲ့။ မိုးလင်းထဲက ဖဘမှာ မြင်နေရတဲ့ ငလျင်သတင်းတွေ။ ၂၀၁၂ ဒီဇင်ဘာ ၂၁ နီးလာလို့များလား.....ဘုရား ဘုရား...ကမ္ဘာပျက်ပြီဆို စစချင်း အငတ်ဘေးကြုံရမှာအရင်။ ကျန်တာအားလုံးထက် ငတ်မှာကို ကြောက်တယ်ကွဲ့။  ကမ္ဘာမြေကြီးရဲ့နောက်ဆုံးရက်တွေတကယ်ပဲ နီးလာပြီလား။

ဘာတွေပဲဖြစ်ဖြစ်ပါ။ ဘ၀ဆိုတာ အသက်စရှူတာကနေ အသက်ရှူရပ်တာထိပဲ ခေါ်တာ။ လက်ရှိအချိန်အကောင်းဆုံးနေဖို့သာ အရေးအကြီးဆုံး။ မနေ့ကဖြစ်နေတဲ့ စိတ်ဆင်းရဲသောကတွေ စိတ်မချမ်းသာစရာတွေ မျက်ရည်တွေကို ဒီနေ့ထိခေါ်မလာဖို့အရေးကြီးတယ်။ ဘာမဟုတ်တဲ့အချိန်လေးမှာ
မနေ့ကအကြောင်းအရာတွေကြောင့် တန်ဖိုးရှိလှတဲ့ ခုလက်ရှိအချိန်ကို ၀မ်းနည်းပူဆွေးမှုတွေနဲ့ပဲ အချိန်ကုန်ခံမလား။ မရောက်သေးတဲ့အနာဂတ်အတွက် ကြိုတင်ပူပန်မှုတွေနဲ့ နေထိုင်သွားမလား။ တယောက်နဲ့တယောက် ကိုယ်ချင်းစာတရားလေးရှေးရှုပြီး နေသွားကြရင် အားလုံးအေးချမ်းမှုရနိုင်ကြမှာနော်။

ဘုရား....ဘုရား။ ခုပဲတက်လာတဲ့သတင်းက မင်းကွန်းခေါင်းလောင်းတော်ကြီးငလျင်ဒဏ်ကြောင့် နေရာရွေ့သွားခြင်းတဲ့။ ဘာတွေဖြစ်လာမှာလဲ။

သေချာတာတခုကတော့ မတာ စိတ်ရှုပ်ထွေးနေပြီ။ လက်ရှိအချိန်မှာ အအေးချမ်းဆုံးနေနိုင်အောင် ခွန်အားပေးသနားတော်မူပါ။

မမတာ
၁၁.၁၁.၁၂

2 comments:

  1. ငလျင်လှုပ်တာ မနေ့က မုံရွာတောင်အဖျားခတ်သွားသေးတယ်အစ်မရေ

    ReplyDelete
  2. မမတာရဲ့ ဘုရားတရတဲ့ငလျှင်ကိုဖတ်ပြီး
    မြန်မာပြည်သူတွေ ဒုက္ခကင်းပါစေလို့

    ReplyDelete