Saturday, November 10, 2012

၁၀.၁၁.၁၂

ဒီနေ့ညနေပျင်းဖို့ကောင်းတယ်။ ၁၀.၁၁.၁၂ ထူးထူးခြားခြား နံပါတ်မို့တဲ့ ဖဘပေါ်မှာ ရေးနေကြတဲ့ စတေ့တပ်တွေ ယောက်ျားကိုချစ်ကြောင်း သားသမီးများဆံပင်ညှပ်ပေးကြောင်း မေမေ့ကိုချစ်ကြောင်း ၁၀.၁၁.၁၂ နဲ့ ဘာဆိုင်လဲတော့မပြောတတ်။ တီဗွီကြည့်ဖို့ ဖွင့်လိုက်တော့ ဗညားဟန်ရဲ့ live show။ ဗညားဟန်အသံလေး ကြိုက်ရှာပေမဲ့ ဆံပင်ကောက်ကောက်ကြီးကို အူယားတယ်ကွယ်။ လာနေတဲ့ဘောလုံးပွဲကျ အာဆင်နယ် ဖူဟမ်။ မတာသိသလောက် အနီရောင်ဝတ်ထားတာ အာဆင်နယ်......ပျင်းတယ် ပျင်းတယ် ဘာဖွရရင်ကောင်းမလဲ မတာလိုက်စဉ်းစားကြည့်တော့ မတာ ဘလော့တစ်ခုအသစ်လုပ်ချင်တယ်။

ဂျီမေးအကောင့်လေးစဖွင့်လိုက်တယ်။ ဘလော့လုပ်ရတာများ ဘာခက်လို့တုန်းနော်။ ဂျီမေးအကောင့်တစ်ခုရှိ ဘလော့တစ်ခုပိုင်နေပြီပဲကို။ ခုခေတ်ကားဝယ်စီးရတာထက်တောင်လွယ်သေး။ ဒါနဲ့များ ဘလော့ကိစ္စ မနာလိုဖြစ်ရတာနဲ့ ပြသနာတွေများလိုက်ကြတာ။ လိုလိုမယ်မယ် ဖဘအကောင့်တစ်ခုကောက်ဖွင့်လိုက်ရသေးတယ်။ တနေ့နေ့များ မတာဘလော့လေးနာမည်ကြီးလာရင် ဖန်ပေ့တွေဘာတွေလုပ်ဖို့လိုလာမယ်လေနော်။ ကြိုကြိုတင်တင်လုပ်ထားတာ ဘာမှအမှားမရှိဘူး။ ခုထိတော့ ဘလော့လေး အကြမ်းမရှိတရှိလုပ်ပြီးပြီ။ ကျေနပ်နေတယ်။ မတာလဲခေတ်မှီနေပြီ။ ဘလော့ဂါဖြစ်ပြီ။

ရေးနေရင်းနဲ့ ၂-၀နဲ့ ဦးဆောင်နေတဲ့ အာဆင်နယ် ဖူဟမ်ပြန်သွင်းလိုက်တာ ၂-၂ ဖြစ်ပါရောလား။ အော်......အနိစ္စ ဒုက္ခ အနတ္တ။ ဘာဆိုင်လဲဆို သိဘူး။ ခုထိ ဖဘမှာ သယ်ရင်းမရှိသေးဘူး။ ကိုယ်ရေးတဲ့စာတွေဖတ်ပေးမဲ့ စိတ်ထားကောင်းတဲ့ သယ်ရင်းမျိုးပဲလိုချင်တယ်။ နောက်နေ့ကျမှ ရေးတော့မယ်။ ဘောလုံးပွဲလဲ ပထမပိုင်းပြီးပြီ။ မမတာဖဘဘက်ပြေးတော့မယ်။

မမတာ
၁၀.၁၁.၁၂

3 comments:

  1. တွေ့တွေ့ချင်းလိုက်လာတာပါ ဗညားဟန်ကိုတော့မသိပါဘူး
    အိမ်က အမျိုးသားကလဲ ဆံပင်ကောက်တယ် ဟီး

    ReplyDelete
    Replies
    1. ဟီး.....မသိလိုက်လို့ပါ :D:D

      Delete
  2. ဗညားဟန်ရှိုးမှာ ကျော်ထူးတို့ဟာသတွေရယ်ရတယ်နော်အစ်မရေ။

    ReplyDelete